ဈေးကွက်ဈေးနှုန်း

၂၆.၂.၂၀၂၀ နေ့ (National Export Strategy-NES )2020-2025 Regional Consulation ကျင်းပ

Last Updated:

၂၆.၂.၂၀၂၀ နေ့ နံနက် (၀၉:၃၀) နာရီ တွင်မန္တလေးမြို့ Pullman Hotel တွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) (National Export Strategy-NES )2020-2025 Regional Consulation ကျင်းပခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက စီမံကိန်း မိတ်ဆက် စကား‌ပြောကြားခဲ့သည်။  မန္တလေးတို်ငးဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော် က အသင်း၏ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ International Trade Centre- ITC မှ Consultant  က မဟာဗျူဟာဒီဇိုင်းရေးဆွဲရာတွင် စီမံကိန်းတွင် ပါဝင်သင့်သည့်အချက်အလက်များအား ရှင်းလင်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ရှိ ကဏ္ဍအသီးသီးရှိ ကုန်သည်၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များ၊ ပညာရှင်များက ထည့်သွင်းသင့်သည့် အချက်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁၃:၃၀) နာရီ တွင် ရုတ်သိမ်းခဲ့သည်။